သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်သည် စင်ကာပူနိုင်ငံရောက် မြန်မာကျောင်းသားများအား တွေ့ဆုံခဲ့

(၂၉-၁၀-၂၀၂၆၊ စင်ကာပူ)

စင်ကာပူမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်သည် ၂၃-၁၀-၂၀၂၆ ရက်နေ့တွင် စင်ကာပူမြို့ရှိ Amity Global Institute သို့ သွားရောက်ကာ မြန်မာကျောင်းသားများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ပြည်ပရောက် မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်နေမှု အခြေအနေများနှင့် ကောင်စစ်ဆိုင်ရာ ကူညီပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း အကူအညီများလိုအပ်ပါက သံရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးပြောကြားခဲ့ပါသည်

ထို့ပြင် သံရုံးယာယီတာဝန်ခံ/ သံအမတ်သည် ၂၅-၁၀-၂၀၂၆ ရက်နေ့တွင် စင်ကာပူနိုင်ငံရောက် မြန်မာအစိုးရပညာသင်ကျောင်းသား (၁၁) တို့အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။