မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဗြိတိန်အသေးစားစီးပွားလုပ်ငန်းများဆိုင်ရာ ဒုတိယဝန်ကြီး Lord Sonny Leong CBE နှင့် အာဆီယံ-လန်ဒန်ကော်မတီ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

(၂၀-၁၀-၂၀၂၆၊ လန်ဒန်)

မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ကုန်သွယ်ရေးရုံး၌ ကျင်းပခဲ့သည့် ဗြိတိန်အသေးစားစီးပွားလုပ်ငန်းများဆိုင်ရာ ဒုတိယဝန်ကြီး Lord Sonny Leong နှင့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN-London Committee – ALC) တို့ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ သံရုံးအကြီးအကဲများအကြား အာဆီယံနိုင်ငံများနှင့် ဗြိတိန်နိုင်ငံတို့အကြား အသေးစားစီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများ၊ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်များအနေဖြင့် အာဆီယံနိုင်ငံများတွင် ကျောင်းခွဲများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ပါသည်။