(၂၅-၉-၂၀၂၆၊ စစ်တကောင်း)
မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၂၃-၉-၂၀၂၆ ရက်၊ ၁၁၀၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းဆိပ်ကမ်းအာဏာပိုင် ဥက္ကဋ္ဌ Rear Admiral S M Moniruzzaman, OSP, ndc, ncc, psc အား စစ်တကောင်းမြို့ရှိ စစ်တကောင်းဆိပ်ကမ်းအာဏာပိုင်၊ One Stop Building သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးကိစ္စ၊ နှစ်နိုင်ငံ ထွက်ကုန်များ အပြန်အလှန်သယ်ယူပို့ဆောင်ရေးအတွက် အခွန်ကောက်ခံမှုကိစ္စနှင့် နှစ်နိုင်ငံအကြား ရပ်တန့်နေသည့် ညှိနှိုင်းအစည်းအဝေးများ ပြန်လည်စတင်နိုင်ရေး ကိစ္စတို့ကို ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ပါသည်။
ထို့နောက် စစ်တကောင်းဆိပ်ကမ်းအာဏာပိုင်၏ စီစဉ်ပေးမှုဖြင့် သံအမတ်ကြီးသည် စစ်တကောင်ဆိပ်ကမ်း၏ လုပ်ငန်းလည်ပတ်မှု အခြေအနေများအား သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။



