(၂၄-၉-၂၀၂၆၊ ပရာ့ဂ်)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံ ဒေါဖြိုးသူဇာအောင်သည် ၂၂-၉-၂၀၂၆ ရက်၊ အင်္ဂါနေ့ ၁၀:၃၀ နာရီအချိန်တွင် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန အကြီးအကဲဖြစ်သူ Mrs. Markta arbochov အား ချက်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦ၌ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ပရာ့ဂ်မြို့ရှိ သံတမန်အသိုက်အဝန်း၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ဒေသန္တရ ထုံးတမ်းစဉ်လာများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ကြပါသည်။

