ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်နှင့် တရုတ် (ကူမင်း) အာဆီယံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. De Long Yong တို့တွေ့ဆုံခဲ့ခြင်း

(၂၁-၉-၂၀၂၆၊ ကူမင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၊ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် တရုတ် (ကူမင်း) အာဆီယံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Mr. De Long Yong ကို ၂၁-၉-၂၀၂၆ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့သွားရောက် ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်လိုသည့်ကိစ္စ၊ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦများ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များကို ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချရေးဆိုင်ရာ ကိစ္စရပ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။