(၂၁-၉-၂၀၂၆ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီထားသည့် H.E. Mr. Jamal Sharifuddin Johan အား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြန်မာသံရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံမူဘောင်အောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးနှင့် ဟနွိုင်းမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ နှစ်နိုင်ငံအကျိုးစီးပွားဖော်ဆောင်သွားနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။



