မြန်မာသံရုံးသစ် (၂) ထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ ​တိုးတက်မှု အခြေအနေဆိုင်ရာ အစည်းအဝေးသို့ သံအမတ်ကြီး ဦးစိုးသက်နောင် တက်ရောက်

(၁၃-၉-၂၀၂၆၊ ဘန်ဒါဆရီဘီဂါဝန်)

​မြန်မာသံရုံးသစ် (၂) ထပ်အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်နေမှုအပေါ် မြေပြင်လုပ်ငန်းစဉ်များ စိစစ်ကြီးကြပ်ရေးနှင့်စပ်လျဉ်း၍ လစဉ်ပြုလုပ်သည့် လုပ်ငန်းခွင်တိုးတက်မှု အခြေအနေဆိုင်ရာ အစည်းအဝေးအား ၁၀-၉-၂၀၂၆ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် သံရုံးသစ်ဆောက်လုပ်ရေးလုပ်ငန်းခွင် ရုံးခန်း၌ ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသို့ သံအမတ်ကြီး ဦးစိုးသက်နောင် ဦးဆောင်လျက် တက်ရောက်ခဲ့ပြီး၊ ကုမ္ပဏီဘက်မှ တည်ဆောက်ရေးလုပ်ငန်းများ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အကြံပေးနှင့် ဒီဇိုင်းကုမ္ပဏီ Arkitek Idris မှ CEO နှင့် တာဝန်ရှိသူများ၊ Walltique Sdn. Bhd. မှ Constructor၊ Project Manager နှင့် Site Engineers၊ M & S Engineer၊ Quantity Surveryor၊ Interior Designer၊ Green Building Consultant နှင့် တာဝန်ရှိအင်ဂျင်နီယာများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိအဆောက်အဦ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သံအမတ်ကြီးမှ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်မြေပြင်ပြင်ဆင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ပေးရေးတို့အပေါ် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။