မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ယနေ့ ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ပြုလုပ်ခဲ့သည်။
စုစုပေါင်း နားလည်မှုစာချွန်လွှာ ၁၂ ခုအား နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ထို့နောက် ကရင်မလင်နန်းတော်၌ပင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
#PPIB













