အာဆီယံကော်မတီဝါရှင်တန် (ACW) ၏ လှုပ်ရှားမှုအစီအစဉ်အဖြစ် အမေရိကန်အထက်လွှတ်တော် အရှေ့အာရှ၊ ပစိဖိတ်နှင့် အပြည်ပြည်ဆိုင်ရာဆိုက်ဘာလုံခြုံရေးမူဝါဒဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ His Excellency Mr. Pete Ricketts နှင့်တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ပါဝင်တက်ရောက် (၂၂-၇-၂၀၂၆၊ ဝါရှင်တန်)

​အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. Koy Kuong ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် အထက်လွှတ်တော်အရှေ့အာရှ၊ ပစိဖိတ်နှင့် အပြည်ပြည်ဆိုင်ရာဆိုက်ဘာလုံခြုံရေးမူဝါဒဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ အထက်လွှတ်တော်အမတ် H.E. Mr. Pete Ricketts နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံသံအမတ်ကြီးများ၊ အခြားအာဆီယံသံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆိုင်ဘာလုံခြုံရေးမူဝါဒနှင့်စပ်လျဉ်း၍ အထက်လွှတ်တော်ဆပ်ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ကုန်သွယ်ရေးနှင့် အာဆီယံနှင့်စပ်လျဉ်း၍ ဦးစားပေးမှုများဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။