(၂၄-၄-၂၀၂၆ရက်၊ နန်နင်း)
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း သည် နန်နင်းမြို့ အခြေစိုက် ထိုင်းကောင်စစ်ဝန်ချုပ်အသစ် Mr. Sakeson Sarobol ကို ၂၂-၄-၂၀၂၆ ရက် နံနက်ပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ မြှင့်တင်ရေးတို့အပြင် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ (CAFTA) ဘောင်အတွင်း ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး၊ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍများနှင့် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များတွင် အပြန်အလှန် အနီးကပ် ပူးပေါင်းကူညီသွားရန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


