မြန်မာကောင်စစ်ဝန်ချုပ်မှ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ဒူဘိုင်းရုံးခွဲ) ၏ ဒုတိယအကြီးအကဲထံ ခန့်အပ်လွှာပေးအပ်(၃၀-၈-၂၀၂၃ ရက်)

(၃၀-၈-၂၀၂၃ ရက်၊ ဒူဘိုင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဒူဘိုင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်သူငြိမ်းသည် ၂၉-၈-၂၀၂၃ ရက်၊ (၁၁၃၀) နာရီတွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ဒူဘိုင်းရုံးခွဲ) ၏ ဒုတိယအကြီးအကဲ Mr. Rashid Abdullah Al-Qasir ထံသို့ ကောင်စစ်ဝန်ချုပ်ခန့်အပ်လွှာအား ပေးအပ်ခဲ့ပါသည်။

ခန့်အပ်လွှာပေးအပ်ပြီးနောက် ကောင်စစ်ဝန်ချုပ်ဦးကျော်သူငြိမ်းနှင့် ဒုတိယအကြီးအကဲ Mr. Rashid Abdullah Al-Qasir တို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရေးနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ ဒုတိယအကြီးအကဲ Mr. Rashid Abdullah Al-Qasir က ကောင်စစ်ဝန်ချုပ်ရုံး လာရောက်ဖွင့်လှစ်ခြင်းအပေါ် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ကောင်စစ်ဝန်ချုပ်အနေဖြင့် ဒူဘိုင်းမြို့တွင်အခြေပြုလျက် နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများအား အောင်မြင်စွာဆောင်ရွက်နိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။