
(၂၅-၈-၂၀၂၂ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၄-၈-၂၀၂၂ ရက်၊ မွန်းတည့် (၁၂:၀၀) နာရီတွင် နယူးဒေလီမြို့၌ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ Research and Information System for Developing Countries (RIS) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် Rejuvenating Growth through Partnership Role of BIMSTEC ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲမှာ အိန္ဒိယအစိုးရ၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့သို့ ခရီးစဉ်ရောက်ရှိနေသည့် Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation (BIMSTEC) အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Tenzin Lekphell နှင့် အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ အကြား အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးသည့် အစီအစဉ်ဖြစ်ကာ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ BIMSTEC AND SAARC ဌာနမှ Additional Secretary နှင့် အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ RIS မှ ညွှန်ကြားရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

