
(၁၉-၈-၂၀၂၂ ရက်၊ တိုကျို)
ဂျပန်နိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-တိုကျိုကော်မတီ (ASEAN Committee in Tokyo-ACT) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်သံအမတ်ကြီး Mr. Vu Hong Nam မှ ကြီးမှူး၍ (၅၅) နှစ်မြောက် အာဆီယံနေ့ (ASEAN Day) အထိမ်းအမှတ်အခမ်းအနားအား (၁၆-၈-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဗီယက်နမ်သံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အာဆီယံ-တိုကျိုကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ် သံအမတ်ကြီး Mr. Vu Hong Nam နှင့် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ သံအမတ်ကြီး Mr. Tuy Ry တို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် အာဆီယံ-တိုကျို ကော်မတီအစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် တာဝန်ခံအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

