(၁-၁၁-၂၀၂၁ ရက်၊ နေပြည်တော်)
၁။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာနသို့ မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးသုံး ပစ္စည်းများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆေးရုံများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများသို့ ပြန်လည် ဖြန့်ဝေပေးအပ်လှူဒါန်းသည့် အခမ်းအနားအား ၁-၁၁-၂၀၂၁ ရက် (တနင်္လာနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အခမ်းအနားတွင် မြန်မာသံရုံး၊ ပေကျင်းမြို့မှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာနသို့ World Green Design Organization (WGDO) Myanmar မှ လှူဒါန်းခဲ့သော ကျပ်ငွေ ၈၆၄,၀၂၀,၀၀၀/- တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးသုံးပစ္စည်းများဖြစ် သည့် Sterilized Air Purifier Mask (၁၀၈၀၀)ခု၊ N95 Mask (၄၀၀၀) ခု၊ Portable Sterilized Kit (၁၉၂) အိတ်၊ (20L) Oxygen Concentrator (၂)လုံးနှင့် Nitrile Synthetic Exam Gloves (၈၀၀၀) ခုတို့အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမှတ်(၂)တပ်မတော်ဆေးရုံ၊ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ပျဉ်းမနားမြို့စည်ပင်သာယာရေးကော် မတီ၊ ပျဉ်းမနားမြို့ဘိုးဘွားရိပ်သာနှ င့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက လှူဒါန်းပစ္စည်းများအား လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။




