၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်အပ်နှင်းခြင်းခံရသည့် လာအိုနိုင်ငံမှ ပြည်ပဘွဲ့ခံ ဆရာတော်နှင့် လူပုဂ္ဂိုလ်တို့အား မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ ဘွဲ့တံဆိပ်တော်အပ်နှင်းသည့် အခမ်းအနား ပြုလုပ်ကျင်းပ (၁၇-၆-၂၀၂၅ ရက်)
(၁၇-၆-၂၀၂၅ ရက်၊ ဗီယင်ကျန်း) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းရာတွင် လာအိုနိုင်ငံမှ ဘွဲ့တံဆိပ်တော်ရရှိသည့် ပြည်ပဘွဲ့ခံဆရာတော်နှင့် လူပုဂ္ဂိုလ်တို့အား အဆိုပါဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းခြင်း မင်္ဂလာအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇…

