မိုးဂျိကမ္ဘာအေးစေတီတော်မြတ်ကြီးနှင့် မြန်မာဘုန်းတော်ကြီးကျောင်း ပြုပြင်ထိန်းသိမ်းမွမ်းမံရေးဆိုင်ရာ ဂေါပကအဖွဲ့သစ်ညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအပ်နှင်းသည့် အခမ်းအနား ကျင်းပ (၂-၆-၂၀၂၅ ရက်)

(၂-၆-၂၀၂၅ ရက်၊တိုကျို) ဂျပန်နိုင်ငံ၊ ကိတကျူးရှုးခရိုင်၊ မိုးဂျိမြို့တွင် ၁၉၅၇ ခုနှစ်မှ စတင်တည်ထား ကိုးကွယ်ခဲ့သော မိုးဂျိကမ္ဘာအေးစေတီတော်မြတ်ကြီးနှင့် မြန်မာဘုန်းတော်ကြီးကျောင်း ပြုပြင်ထိန်းသိမ်းမွမ်းမံရေးဆိုင်ရာ ဂေါပကအဖွဲ့သစ်၏ ပထမဆုံးအကြိမ်ညှိနှိုင်းအစည်းအဝေး အား ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊…