အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦး အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် (Director General of Protocol Affairs) ထံ ခန့်အပ်လွှာ (မိတ္တူ) ပေးအပ် (၃၁-၅-၂၀၂၅ ရက်)

(၃၁-၅-၂၀၂၅၊ အဒစ်အဘာဘာ) အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် (Director General of Protocol Affairs) ဖြစ်သူ Aziza Geleta ထံ ၂၀၂၅ ခုနှစ်၊…

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ဗန်ကောက်မြို့၊ အမြန်လမ်းမိုးပျံတံတား ကရိန်းသံဘောင်ပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအတွက် ဗန်ကောက်မြို့၊ မြန်မာသံရုံးမှ နစ်နာကြေးငွေများရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်း (၃၀-၅-၂၀၂၅ ရက်)

(၃၀-၅-၂၀၂၅ ရက်၊ ဗန်ကောက်) ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် (၀၄၀၀) အချိန်တွင် ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ ၂၁ မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌…

ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်မှ ကျင်းတုံးလေကြောင်းလိုင်း ချန်ဒူး-ရန်ကုန် ကုန်တင်ခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက် (၂၈-၅-၂၀၂၅ ရက်)

(၂၈-၅-၂၀၂၅၊ ချန်ဒူး) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၆-၅-၂၀၂၅ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ကျင်းပသည့် ကျင်းတုံးလေကြောင်းလိုင်း၏ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်းပြည်နယ်…

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ၂၀၂၅ ခုနှစ် တလီ အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာဆေးဘက်ဆိုင်ရာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုမြှင့်တင်ရေးညီလာခံသို့ ပါဝင်တက်ရောက်ခဲ့ခြင်း ( ၂၇-၅-၂၀၂၅ ရက်)

( ၂၇-၅-၂၀၂၅ ရက်၊ ကူမင်းမြို့) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၂၆-၅-၂၀၂၅ ရက်နှင့် ၂၇-၅-၂၀၂၅ ရက်တို့တွင် တလီမြို့၊ မီသု ကျန်းမာရေး စက်မှုဥယျာဉ်၌ တလီအပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲ…

ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်မှုကောင်စီ-တရုတ် ထိပ်သီးအစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၂၇-၅-၂၀၂၅ ရက်)

(၂၇-၅-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၇-၅-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ-တရုတ် ထိပ်သီးအစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။ …

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund− UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ (၂၇-၅-၂၀၂၅ ရက်)

(၂၇-၅-၂၀၂၅ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား…

(၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၂၆-၅-၂၀၂၅ ရက်)

(၂၆-၅-၂၀၂၅ ရက်၊ ကွာလာလမ်ပူ) မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၆-၅-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၊ သီးသန့်အစည်းအဝေး၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံအဖွဲ့ဝင်များတွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များနှင့် အာဆီယံလူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့်…

ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့်  ဗုဒ္ဓနေ့အထိမ်းအမှတ်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး တက်ရောက် (၂၆-၅-၂၀၂၅ ရက်)

(၂၆-၅-၂၀၂၅ ရက်၊ အော်တာဝါ)      ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်ဥက္ကဋ္ဌဆရာတော်၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် (၂၅-၅-၂၀၂၅)ရက်၊ (၁၆:၀၀)နာရီတွင် အော်တာဝါမြို့ရှိ Hilda Jayewardenaramaya ဘုန်းတော်ကြီးကျောင်း၌ ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူး ကျင်းပသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အခမ်းအနားသို့…

ဗီယက်နမ်နိုင်ငံသမ္မတဟောင်း မစ္စတာ ထရန်ဒတ်လွန်၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက် (၂၆-၅-၂၀၂၅)

(၂၆-၅-၂၀၂၅၊ ဟနွိုင်း) ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတဟောင်းနှင့် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း မစ္စတာ ထရန်ဒတ်လွန်သည် ၂၀-၅-၂၀၂၅ ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် ဟနွိုင်းမြို့၊ အမျိုးသား ဈာပနခန်းမ၌ ၂၄-၅-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်ဈာပနအခမ်းအနားသို့ ဟနွိုင်းမြို့ အခြေစိုက် သံတမန်များက…