(၄-၁-၂၀၂၄ ရက်၊ နယူးဒေလီ)
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်ဦးဆောင်၍ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းများမှ မြန်မာသံရုံးရှေ့ မြက်ခင်းပြင်တွင် မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရှိရပါသည်။


