အသိပေးကြေညာချက်

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ်(၁/၂၀၂၃) ဖြင့် ခေါ်ယူခဲ့သည့် အငယ်တန်းစာရေးရာထူးနေရာ(၂၀)နေရာအတွက် ဖြေဆိုခွင့်ရရှိသည့် အမည်စာရင်းများအား ခုံအမှတ်များနှင့်အတူ ဖော်ပြအပ်ပါသည်။

၂။ အရည်အချင်းစစ်ဆေးခြင်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်၌ အောက်ဖော်ပြပါနေ့ရက်များတွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

(က) ရေးဖြေစစ်ဆေးခြင်း (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ စုစုပေါင်း (၃)နာရီ မေးခွန်း) 

 ကျင်းပမည့်နေ့ရက်/အချိန်-၂၃-၁-၂၀၂၄ ရက် (အင်္ဂါနေ့) 

 (၁၀:၀၀) မှ (၁၃:၀၀)ထိ

(ခ) လူတွေ့စစ်ဆေးခြင်းနှင့် စိတ်အခြေအနေ စစ်ဆေးခြင်း

 ကျင်းပမည့် နေ့ရက်/အချိန်- ၂၄-၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) နှင့်

 ၂၅-၁-၂၀၂၄ ရက် (ကြာသပတေးနေ့)

 (၁၀:၀၀) မှ (၁၆:၀၀)ထိ

၃။ ဖြေဆိုခွင့်ရရှိသည့် ပုဂ္ဂိုလ်များသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားအား ဖြေဆိုမည့်သူကိုယ်တိုင် ပတ်စ်ပို့ဓါတ်ပုံ(၁)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်သို့ ၂၂-၁-၂၀၂၄ ရက်နေ့နောက်ဆုံးထား၍ ရုံးချိန်အတွင်း လာရောက် ထုတ်ယူရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။