နိုင်ငံခြားရေးဝန်ကြီးဌာန နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ (၁-၁-၂၀၂၄ ရက်)

(၁-၁-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ ၁၀၀၀ နာရီ၌ ကျင်းပခဲ့ရာ၊ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဦးလွင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

အစီအစဉ်အရ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နေ့ကလေးထိန်းကျောင်းအား ဖဲကြိုးဖြတ်၍ ဆိုင်းဘုတ်ကို အောင်သပြေခက်များဖြင့် အမွှေးနံ့သာများ ပက်ဖြန်းကာ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်းအမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။