(၅၈) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားသို့ မြန်မာသံအမတ်ကြီးနှင့်ဇနီး ဦးဆောင်သည့် သံရုံးဝန်ထမ်းများ တက်ရောက် (၂၀-၈-၂၀၂၅ ရက်)

(၂၀-၈-၂၀၂၅ ရက်၊ ကိုင်ရို)

(၅၈) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ၂၀-၈-၂၀၂၅ ရက်နေ့ နံနက် ၀၉၀၀ နာရီတွင် ကိုင်ရိုမြို့၊ အင်ဒိုနီးရှားသံအမတ်ကြီး၏ နေအိမ်အတွင်းရှိ Garden City တွင် ပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်နှင့်ဇနီး ဦးဆောင်သည့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို အာဆီယံအလံ လွှင့်တင်ခြင်း၊ အိမ်ရှင်အဖြစ် တာဝန်ယူလက်ခံကျင်းပသော အင်ဒိုနီးရှား သံအမတ်ကြီးက အဖွင့်အမှာစကား ပြောကြားခြင်း၊ အာဆီယံ-ကိုင်ရို ကော်မတီ၏ ဥက္ကဋ္ဌ မြန်မာသံအမတ်ကြီးက အမှာစကား ပြောကြားခြင်းတို့ဖြင့် ကျင်းပခဲ့ကြပါသည်။ အခမ်းအနားပြီးနောက် အာဆီယံသံရုံးအသီးသီးမှ ပြင်ဆင်ထားရှိသော ရိုးရာအစားအစာများကို တက်ရောက်လာကြသူများက သုံးဆောင်ခဲ့ကြပါသည်။