(၂၀-၈-၂၀၂၅ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E. Mrs. Eksiri Pintaruchi ထံသို့ ၂၀-၈-၂၀၂၅ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ ဂါရဝပြုမိတ်ဆက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု၊ နှစ်နိုင်ငံအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


