အော်စလိုမြို့ရှိ အာဆီယံသံရုံးအကြီးအကဲများနှင့် နော်ဝေလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးပွဲသို့ နော်ဝေနိုင်ငံဆိုင်ရာမြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်

(၃-၁၁-၂၀၂၆၊ အော်စလို)

အော်စလိုမြို့ရှိ အာဆီယံကော်မတီ (ASEAN Committee in Oslo – ACO) အဖွဲ့ဝင် သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများသည် မနီလာမြို့၌ ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံလွှတ်တော်အမတ်များညီလာခံသို့ တက်ရောက်မည့် နော်ဝေလွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် ၃-၁၁-၂၀၂၆ ရက်၊ ၁၀:၁၅ နာရီမှ ၁၁:၃၀ နာရီအထိ နော်ဝေလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါ်ယဉ်ပိုမြတ် တက်ရောက်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေ-အာဆီယံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကပါဝင်မည့် ဦးစားပေးကဏ္ဍများနှင့်ပတ်သက်၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြသည်။