အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သီရိလင်္ကာသံအမတ်ကြီးတို့ တွေ့ဆုံ ဆွေးနွေး

(၁၀-၁၁-၂၀၂၆၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးအား အီသီယိုပီးယားနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Nirmala Paranavitana သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အဒစ်အဘာဘာမြို့ရှိ မြန်မာသံရုံးသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ အဒစ်ဘာဘာမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် အီသီယိုပီးယားနိုင်ငံတွင် ဗုဒ္ဓနေ့ (Vesak Day/Buddha Day) အခမ်းအနား ပူးပေါင်းကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။