(၁၀-၁၁-၂၀၂၆၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၁၀-၁၁-၂၀၂၆ ရက်တွင် ASEAN-China Centre (ACC) မှ ကြီးမှူး၍ ပေကျင်းမြို့ရှိ ASEAN- China Centre (ACC) အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် အာဆီယံ-တရုတ် ပူးတွဲအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (Joint Executive Board Meeting 2026 of the ASEAN-China Centre) သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအတွင်း ASEAN- China Centre (ACC) အတွင်းရေးမှူးချုပ်မှ အာဆီယံ-တရုတ် စင်တာ၏ နှစ်ပတ်လည်အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပြီး ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များက အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများအနေဖြင့် ACC ၏ ၂၀၂၆ တစ်နှစ်တာအတွင်း ကျင်းပခဲ့သည့် လှုပ်ရှားမှုများ၌ ပါဝင်တက်ရောက်ခဲ့မှု အခြေအနေများ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် လာမည့် ၂၀၂၇ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



