မြန်မာအဖွဲ့ရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးက ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်း ကိုယ်စားလှယ်အား သွားရောက်တွေ့ဆုံ

(၁၁-၁၁-၂၀၂၆၊ ဗီယင်နာ)

ဗီယင်နာမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၁၀-၁၁-၂၀၂၆ ရက်တွင် ဗီယင်နာ မြို့အခြေစိုက် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် H.E. Mr. Li Song အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂမျက်နှာစာနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိမည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အဖွဲ့ရုံးများအကြား ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။