(၁၀-၁၁-၂၀၂၆၊ အဘူဒါဘီ)
Emirates Policy Center မှ ကြီးမှူး၍ (၁၃) ကြိမ်မြောက် အဘူဒါဘီ မဟာဗျူဟာ ဆွေးနွေးပွဲအား “After the Storm: The Iran War Fallout and the New Rules of Power” ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ အဘူဒါဘီမြို့ရှိ Emirates Palace ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၉-၁၁-၂၀၂၆ ရက်၊ တနင်္လာနေ့၊ ၀၉:၀၀ နာရီ အချိန်တွင် ကျင်းပခဲ့ရာ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၊ ယူအေအီးနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်အတူ အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ယူအေအီးသမ္မတ၏ သံတမန်ရေးရာ အကြံပေးဖြစ်သူ H.E. Dr. Anwar Gargash နှင့် Emirates Policy Center ၏ ဥက္ကဋ္ဌဖြစ်သူ Dr. Ebtesam Al-Ketbi က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များနှင့် မူဝါဒရေးရာ လေ့လာသူများက မဟာ ဗျူဟာ ဆွေးနွေးပွဲများအား ခေါင်းစဉ်အလိုက် ဆက်လက် ဆွေးနွေးခဲ့ကြရာ မြန်မာ သံအမတ်ကြီးမှ နေ့ရက်အလိုက် ပါဝင်တက်ရောက်ခဲ့ပါသည်။

