အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးမှအိန္ဒိယနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးအား နှုတ်ခွန်းဆက်တွေ့ဆုံ

(၅-၁၁-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် နယူးဒေလီမြို့အခြေစိုက် ဖိလစ်ပိုင်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Josel Francisco Ignacio ထံသို့ ၅-၁၁-၂၀၂၆ ရက်တွင် သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံသံရုံး များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။