(၆-၁၁-၂၀၂၆ ရက်၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံ သည် ၅-၁၁-၂၀၂၆ ရက်တွင် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် နှင့် ဩစတြီးယား-မြန်မာ လူမှုအဖွဲ့အစည်း(Austrian-Myanmar Society) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr. Mag Philip Schonthal တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ နေ့လယ်စာစားပွဲတွင် မြန်မာ-ဩစတြီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနှင့် ဩစတြီးယား-မြန်မာ လူမှုအဖွဲ့အစည်းမှ မြန်မာနိုင်ငံအတွက် ကျန်းမာရေးနှင့်လူမှုရေး ကူညီစောင့်ရှောက်မှုဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အပြုသဘော ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


