(၅-၁၁-၂၀၂၆၊ အဘူဒါဘီ)
၂-၁၁-၂၀၂၆ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် သမ္မတ အိမ်တော်ရုံး ဥက္ကဋ္ဌဖြစ်သူ His Highness Sheikh Mansour bin Zayed Al Nahyan ရှေ့မှောက်၌ (၄၂) ကြိမ်မြောက် အဘူဒါဘီ အပြည်ပြည်ဆိုင်ရာ ရေနံပြပွဲနှင့် ညီလာခံ (ADIPEC ၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နိုင်ငံ တကာမှ သံအမတ်ကြီးများနှင့်အတူ အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်ကျော်မင်း တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ယူအေအီးနိုင်ငံ၊ စက်မှုနှင့် အဆင့်မြင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးနှင့် အဘူဒါဘီ အမျိုးသား ရေနံကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာနှင့် အမှုဆောင် အရာရှိချုပ် Dr. Sultan Ahmed Al Jaber က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ Open AI ၏ ပူးတွဲတည်ထောင် သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Sam Altman က အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် စီးပွားရေးသံမှူးနှင့်အတူ ပြခန်းများသို့ လှည့်လည်ကြည့်ရှုကာ အဘူဒါဘီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ AD Ports Group၊ Shandong Kerui Petroleum & Gas Equipment Co., Ltd နှင့် Selnovix Co., Ltd တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများအား နိုင်ငံ့အကျိုးအတွက် ဆွေးနွေးခဲ့ကြပါသည်။


