အာဆီယံကော်မတီဝါရှင်တန်၏လှုပ်ရှားမှုအစီအစဉ်အဖြစ် ဩစတြေးလျနိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီးနှင့် အမေရိကန်နိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးတို့နှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက်

(၃-၁၁-၂၀၂၆၊ ဝါရှင်တန်ဒီစီ)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန် (ACW) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားသံအမတ်ကြီး ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်သည့် ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ တောင် အာရှနှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး၊ အာဆီယံ၊ အရှေ့အာရှထိပ်သီးအစည်းအဝေး (East Asia Summit – EAS) နှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် (ASEAN Regional Forum – ARF) ဆိုင်ရာ အဆင့်မြင့်အရာရှိ Ms. Michelle Chan နှင့် အမေရိကန်နိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး H.E. Greg Moriarty တို့နှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲတွင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များသည် နှစ်နိုင်ငံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ဩစတြေးလျ-အမေရိကန် ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံ-ဩစတြေးလျ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပြီး ယခု အလုပ်သဘောနေ့လယ်စာစားပွဲမှတစ်ဆင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျနိုင်ငံတို့အကြား သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါသည်။