ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဦးစီးဌာန၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ခြင်း

(၅-၁၁-၂၀၂၆ ရက်၊ ဗန်ကောက်မြို့)

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Chumphot Nurakkate ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်းယိုင်မြို့ရှိ ဝပ်ရာ့တ်ပရခေါထမ်ကျောင်း၌ ကျင်းပသော ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် ဇနီးတို့ ပါဝင်တက်ရောက်ခဲ့သည်။

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအပြီးတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၊ နယ်စပ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Chumphot Nurakkate ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးဆောင်သည့်အဖွဲ့တို့အကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များအပေါ် ချစ်ကြည်ရင်းနှီးမှု အခြေခံကာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။