(၃၀-၁၀-၂၀၂၆၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် နယူးဒေလီမြို့အခြေစိုက် ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Mikhail Kasko ထံသို့ ၃၀-၁၀-၂၀၂၆ ရက်တွင်လည်းကောင်း၊ အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Yudho Sasongko ထံသို့ ၂၉-၁၀-၂၀၂၆ ရက်တွင်လည်းကောင်း အသီးသီး သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။




