မြန်မာသံတမန်သင်တန်းကျောင်းအတွက် လှူဒါန်းသည့်စာအုပ်များ အမြဲတမ်းအတွင်းဝန်က လက်ခံခဲ့ခြင်း

(၃၀-၁၀-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်းသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ အိန္ဒိယနိုင်ငံ၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် သံတမန်ရေးရာစာအုပ်များ လှူဒါန်းသည့် အခမ်းအနားကို ၃၀-၁၀-၂၀၂၆ ရက် (သောကြာနေ့)၊ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း၌ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လုပ်ငန်းခွင်လေ့လာရေး ရောက်ရှိ‌နေကြသည့် Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက စာအုပ်များလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သံအမတ်ကြီးက စာအုပ်များကို လွှဲပြောင်းပေးအပ်ခဲ့ရာ အမြဲတမ်းအတွင်းဝန်က လက်ခံရယူ၍ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။