(၃၀-၁၀-၂၀၂၆၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကတ္တမန္ဒူးမြို့ရှိ Yak and Yeti Hotel ၌ ကျင်းပပြုလုပ်သည့် နီပေါနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (၂၀၂၆) သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရှီဆာခါနယ်က လာမည့် နိုဝင်ဘာလတွင် တူရကီနိုင်ငံ၊ အန်တာလျာမြို့၌ ကျင်းပမည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ၃၁ ကြိမ်မြောက်ညီလာခံ (COP31) မတိုင်မီ နီပေါနိုင်ငံအနေဖြင့် ဦးစားပေးဆောင်ရွက်သွားမည့် အချက်လေးချက်ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရှီဆာခါနယ်နှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး မစ္စဂီတာချုံထရီ တို့သည် နီပေါနိုင်ငံ၏ တောင်တန်းဒေသဆိုင်ရာ မဟာဗျူဟာနှင့် ရာသီဥတုဆိုင်ရာ မူဝါဒစာတမ်းများကို အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ မြန်မာသံအမတ်ကြီးသည် ထိပ်သီးအစည်းအဝေးအပြီး အစည်းအဝေးတက်ရောက်လာသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးသည့် အစီအစဉ်၌ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။


