အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးမှ ၂၀၂၆ ခုနှစ်၊ တီလန်ဂါနာပြည်နယ်အစိုးရက ဦးဆောင် ပြုလုပ်သည့် “Invest Telangana Global Summit 2026” ၏ ကြိုတင်မိတ်ဆက်ပွဲအခမ်းအနား (Curtain Raiser) သို့ တက်ရောက်

(၃၀-၁၀-၂၀၂၆၊ နယူးဒေလီ)

​အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် တီလန်ဂါနာပြည်နယ် အစိုးရ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ၂၉-၁၀-၂၀၂၆ ရက်၊ ၁၈၀၀ နာရီအချိန်တွင် နယူးဒေလီမြို့ရှိ Taj Palace Hotel ၌ ကျင်းပပြုလုပ်သည့် “Invest Telangana Global Summit 2026” ၏ ကြိုတင်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ Invest Telangana Global Summit 2026 ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ တီလန်ဂါနာပြည်နယ်၊ ဟိုက်ဒရာဘတ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ဆန်းသစ်တီထွင်သူများအနေဖြင့် ၎င်းတို့၏ နည်းပညာများ၊ ထုတ်ကုန်များပြသနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ၊ မူဝါဒချမှတ်သူများနှင့် စက်မှုလုပ်ငန်းခေါင်းဆောင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
​အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့ အခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အိန္ဒိယကုန်သွယ်မှုဆိုင်ရာ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။