အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဌာနမှ တွဲဖက်အတွင်းဝန် Shri B. Shyam တို့ တွေ့ဆုံ(၂၁-၅-၂၀၂၄ ရက်)

(၂၁-၅-၂၀၂၄ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဌာနမှ တွဲဖက်အတွင်းဝန် Shri B. Shyam အား ၂၁-၅-၂၀၂၄ ရက်နေ့၊ ၀၉:၄၅ နာရီတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် တွဲဖက်အတွင်းဝန်တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပင်လယ်ရေ‌ကြောင်းကုန်သွယ်မှုလမ်းကြောင်း၊ အခြေခံ အဆောက်အဦ၊ ဒေသတွင်း လုံခြုံရေးနှင့် ပေါင်းစည်းဆက်သွယ်မှု၊ နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဆက်သွယ်မှုစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာ များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

******************************************