(၄-၁၁-၂၀၂၆၊ ဂျကာတာ)
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ / သံအမတ် ဦးမန်ဟောက်ထန်သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဂျကာတာမြို့ရှိ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ အာရှ-ပစိဖိတ်နှင့်အာဖရိကရေးရာ ညွှန်ကြားရေးမှူးချုပ် Mr. Santo Darmosumarto နှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်း၍ အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် နှစ်နိုင်ငံအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် နှစ်ဖက်အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးစွာအပြန်အလှန် ဆွေးနွေးခဲ့ပါသည်။



