ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်နှင့် ယူနန်ပြည်နယ်၊ ကူမင်းအကောက်ခွန်ဌာန ညွှန်ကြားရေးမှူးချုပ်တို့တွေ့ဆုံခဲ့ခြင်း

(၄-၁၁-၂၀၂၆၊ ကူမင်း)

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ယူနန်ပြည်နယ်၊ ကူမင်း အခြေစိုက် အကောက်ခွန်ဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာရှီကျန်းကျင်းနှင့် ၄-၁၁-၂၀၂၆ ရက်တွင် ကူမင်းမြို့ရှိယူနန်ပြည်နယ်အကောက်ခွန်ဌာနရုံး၌ တွေ့ဆုံခဲ့ပါသည်။  

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဝင်ကုန်စည် စီးဆင်းမှု ပိုမိုချောမွေ့မြန်ဆန်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ တရုတ် နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ အကြားပိုမိုထိတွေ့ဆက်ဆံနိုင်ရေးတို့ကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။