အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဂျကာတာမြို့မှ သံအမတ်/သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်သည် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးချုပ် Ms. Ina Hagniningtyas Krisnamurthi နှင့် တွေ့ဆုံ

(၃-၁၁-၂၀၂၆၊ ဂျကာတာ)

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်သည် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး ချုပ် (Director General of ASEAN Cooperation) Ms. Ina Hagniningtyas Krisnamurthi ၊ အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် ၁၀:၁၅ နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံရုံး ယာယီတာဝန်ခံက အာဆီယံ ထုတ်ပြန်ချက် (၅) ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြားနှင့် အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာဆွေးနွေးခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် Ms. Ina Hagniningtyas Krisnamurthi က မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ ရှင်းလင်းပြောကြားမှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် အာဆီယံ ထုတ်ပြန်ချက် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ကြိုဆိုပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့အပြင် အင်ဒိုနီးရှား အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အစဉ်တစိုက် လိုလားပါကြောင်း၊ အနာဂတ် အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်နိုင်သည့်အလားအလာနှင့် ပတ်သက်၍လည်း နှစ်ဖက် အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။