သတင်းထုတ်ပြန်ချက်(၁၉-၆-၂၀၂၃ ရက်)

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးကိစ္စနှင့်ပတ်သက်သည့် အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ  နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံအမတ်ကြီး များနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံက အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်မှု၊ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေး ကိစ္စများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မြန်မာ အရေးကိစ္စနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊၂၀၂၃ခုနှစ်၊ ဇွန်လ ၁၉ ရက်