လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး Lao Front for National Development ၏ ဒုတိယဥက္ကဋ္ဌ၊ လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံ(၃၁-၈-၂၀၂၃ ရက်)

(၃၁-၈-၂၀၂၃ ရက်၊ ဗီယင်ကျန်း)

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးသည် လာအိုနိုင်ငံ၊ Lao Front for National Development ၏ ဒုတိယဥက္ကဋ္ဌနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ H.E. Mr. Chanthavong Seneamatmontry နှင့် ၃၁-၈-၂၀၂၃ ရက်၊ (၁၄၀၀) နာရီ၌ ၎င်း၏ဌာနတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ်  မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား သာသနာရေးဆိုင်ရာ ထွန်းကားပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်နိုင်မည့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။