ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင်ကျင်းပသည့် (၇၈) နှစ်မြောက် ဗီယက်နမ်လွတ်လပ်ရေးနေ့အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်(၁-၉-၂၀၂၃ ရက်)

(၁-၉-၂၀၂၃ ရက်၊ ပရာ့ဂ်)

မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် ဗီယက်နမ်သံရုံးမှ ကြီးမှူးကျင်းပသည့် (၇၈) နှစ်မြောက် ဗီယက်နမ်လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ချက်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး၊ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေခဲ့ကာ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။