(၁၀-၁၀-၂၀၂၆၊ အဘူဒါဘီ)
ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၇-၁၀-၂၀၂၆ ရက်တွင် အဘူဒါဘီမြို့ရှိ အိုမန်သံရုံး၌ သံအမတ်ကြီး H.E. Dr. Ahmed Hilal Saud Al-Busaidi အား သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနှင့် အိုမန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကိစ္စရပ်များနှင့် အိုမန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။



