ဒုတိယဝန်ကြီးချုပ်နှင့်လာအိုနိုင်ငံခြားရေးဝန်ကြီးအား လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ၏ ပေါလစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ပြုတွေ့ဆုံသည့်အခမ်းအနားသို့ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

(၉-၁၀-၂၀၂၆၊ ဗီယင်ကျန်း)

လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ (သောကြာနေ့) မွန်းလွဲ ၁၄၀၀ နာရီတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံခြားရေးဝန်ကြီး ဌာန ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE အား လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ၏ ပေါလစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခံရခြင်းအတွက် ဗီယင်ကျန်းမြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများက သွားရောက် ဂုဏ်ပြုဂါရဝပြု တွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အာဆီယံညှိနှိုင်းမှုအစည်းအဝေး (ဗီယင်ကျန်း) (ASEAN Consultative Meeting-ACM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာသံအမတ်ကြီး ဦးအောင်ကိုက ဦးဆောင်၍ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးနှင့် အာဆီယံဆိုင်ရာအဆင့်မြင့်အရာရှိကြီးဖြစ်သူ H.E. Mr. Phongsavanh SISOULATH၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ မြန်မာသံအမတ်ကြီးက ASEAN Consultative Meeting ၏ အလှည့်ကျဥက္ကဋ္ဌ အနေဖြင့် အာဆီယံသံရုံးအကြီးအကဲများကိုယ်စား ဂုဏ်ပြုစကားပြောကြားရာတွင် လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား ပေါလစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရခြင်း အတွက် အာဆီယံသံရုံးများက လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဒုတိယဝန်ကြီးချုပ်၏ သံတမန်ရေးရာအတွေ့အကြုံကောင်းများ၊ စွမ်းဆောင်ရည်နှင့် လာအိုနိုင်ငံအတွက် တာဝန် ကျေပွန်စွာ ထမ်းဆောင်သယ်ပိုးပေးခဲ့သည့် အကျိုးပြုဆောင်ရွက်မှုများအပေါ် ယခုကဲ့သို့ဂုဏ်ပြု ချီးမြှင့်ခန့်အပ်ခြင်းခံရသည့်အပေါ် အာဆီယံသံရုံးများက ဂုဏ်ယူမိပါကြောင်း၊ ထို့ပြင် လာအို နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံသံရုံးများအပေါ် အစဉ်တစိုက် ပံ့ပိုးကူညီမှုနှင့် အာဆီယံ ညှိနှိုင်းမှုအစည်းအဝေး၏ လုပ်ငန်းများအောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင်လည်း အာဆီယံစည်းလုံးညီညွတ်မှု၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE က ယခုကဲ့သို့ အာဆီယံသံရုံးအကြီးအကဲများက စုစုစည်းစည်းဖြင့် လာရောက်၍ ဂုဏ်ပြုတွေ့ဆုံကြ သည့်အတွက် များစွာအလေးထား ကျေးဇူးတင်ရှိပါကြောင်း၊ လာအိုနိုင်ငံအပေါ် အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၏ အစဉ်တစိုက် ပံ့ပိုးကူညီမှုများကို တန်ဖိုးထားကြောင်း၊ ထို့ပြင် အာဆီယံညှိနှိုင်းမှု အစည်းအဝေး၏ ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆောင်ရွက်နေသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း၊ အာဆီယံသံရုံးများနှင့် လာအိုနိုင်ငံ ခြားရေးဝန်ကြီးဌာနတို့အကြား ဆက်လက်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်ရေးအတွက် ဆုမွန်ကောင်း တောင်း အပ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးထံသို့ အာဆီယံသံရုံးအကြီးအကဲများက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ပန်းချီကားအား ပေးအပ်ခဲ့ကြသည်။