မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Piyapak Sricharoen နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

(၂၄-၁၂-၂၀၂၅ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့ အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Piyapak Sricharoen နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၁၁: ၀၀ နာရီအချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး  ပိုမိုခိုင်မာအားကောင်းလာစေရေး၊ မြန်မာနိုင်ငံအစိုးရမှ နယ်စပ်ဒေသရှိ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအပေါ် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုအခြေအနေများနှင့် အနာဂတ် စီးပွားရေးအခွင့်အလမ်းများရှာဖွေရေး စသည့် ကိစ္စရပ်များအပေါ် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။