(၂၃-၉-၂၀၂၆၊ ရောမ)
ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁၀:၃၀ နာရီတွင် ရောမမြို့ရှိ အင်ဒိုနီးရှားသံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Prof. Dr. Junimart Girsang အားလည်းကောင်း၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ရောမမြို့ရှိ ထိုင်းသံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Puttaporn Ewtoksan အားလည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ရောမမြို့ရှိ အာဆီယံကော်မတီ၏လုပ်ငန်းများနှင့် လှုပ်ရှားမှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။




