(၂၃-၉-၂၀၂၆၊ ကူမင်း)
ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်က ကူမင်းမြို့အခြေစိုက် ဗီယက်နမ် ကောင်စစ်ဝန်ချုပ်နှင့် ကမ္ဘောဒီးယားကောင်စစ်ဝန်ချုပ်တို့ကို ၂၃-၉-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အသိပေးပြောကြားခြင်း၊ ယူနန်ပြည်နယ်တွင်းအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်ရုံးများ အချင်းချင်းအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နယ်ပယ်အသီးသီးတွင် အတွေ့အကြုံ၊ အကြံဉာဏ်များဖလှယ်၍ ပိုမိုရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်ရန် ကိစ္စများနှင့် နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံချင်း မိတ်ဖက်ဆက်ဆံရေး ကောင်းမွန်မှုများအပေါ်သုံးသပ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။




