အာဆီယံ-ဗီယင်နာကော်မတီက ပြုလုပ်သော ဧည့်ခံပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

(၂၄-၉-၂၀၂၆၊ ဗီယင်နာ)

ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံး/ အဖွဲ့ရုံး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့် ဇနီးတို့သည် အာဆီယံ-ဗီယင်နာကော်မတီ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Dato Fenny anak Nuli နှင့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Damos Dumoli AGUSMAN တို့ပူးတွဲ၍ ၂၁-၉-၂၀၂၆ ရက်တွင် အင်ဒိုနီးရှားသံအမတ်ကြီး နေအိမ်၌ ကျင်းပသည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဧည့်ခံပွဲကို မကြာမီတာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms. Pattarat HONGTONG အား ဂုဏ်ပြုနှုတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် မြန်မာသံအမတ်ကြီးအား ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။