ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်က ကူမင်းမြို့ရှိ ထိုင်း၊ လာအိုနှင့် မလေးရှား ကောင်စစ်ဝန်ချုပ်များကို သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ခြင်း

(၂၂-၉-၂၀၂၆၊ ကူမင်း)

ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်က ကူမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ချုပ်၊ လာအိုကောင်စစ်ဝန်ချုပ်နှင့် မလေးရှားကောင်စစ်ဝန်ချုပ်များကို ၂၂-၉-၂၀၂၆ ရက်တွင် သက်ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အသိပေးပြောကြားခြင်း၊ ယူနန်ပြည်နယ်တွင်းအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်ရုံးများ အချင်းချင်းအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နယ်ပယ်အသီးသီးတွင် အတွေ့အကြုံ၊ အကြံဉာဏ်များဖလှယ်၍ ပိုမိုရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်ရန် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။